
ဝဲ မှ ယာ - ဓာတ်မှန် ၊ မေ့ဆေး ၊ သမားတော် ၊ ခွဲစိတ် ၊ ကလေး နဲ့ ဒေါက်တာဇီးရိုး
လွယ်မွေလို့ ခေါ်ကြသလို လွိုင်မွေလို့လည်းခေါ်ကြပါတယ် ။ အလည်တစ်ခေါက်ဆိုပေမယ့် ကျနော့်အတွက် ဒုတိယတစ်ကြိမ်ပါ ။ ဆရာဝန်ပေါက်စဘ၀ ဒီကျိုင်းတုံမြို့လေးမှာနေတုန်းက အလည်တစ်ခေါက်ရောက်ဖူးပါတယ် ။ ဒီတပါတ် တနင်္လာနေ့က တောင်သူလယ်သမားနေ့ဆိုတော့ စနေ ၊ တနင်္ဂနွေ ၊ တနင်္လာ ၃ ရက်ဆက်တိုက်နားရမှာဆိုတော့ လွယ်မွေသွားဖို့ အကြောင်းဖန်လာသည် ။ ဘယ်သူက အစပြုလိုက်လဲတော့မသိ ။အကင်ဆိုင်မှာ အကင်စားရင်း မနက်ဖြန် မတ်လ (၁) ရက်နေ့ လွယ်မွေသွားဖို့ အစပျိုးလာသည် ။ ဓာတ်မှန်ဆရာဝန်ကစတယ်လို့ပဲ ထင်ပါတယ် ။ ဆေးရုံက ပါရဂူအဖွဲ့က ကျနော့်ထက်အားလုံးအတန်းကြီးတဲ့သူတွေပါ ။ ကျောင်းတုန်းက ရင်းရင်းနှီးနှီးသိခဲ့တဲ့ သူတွေပါသလို မျက်မှန်းတန်းမိတဲ့သူတွေလည်းပါပါတယ်




